မိုးကုတ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ ဆန္ဒပြသူ ၁၅ ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး
DVB
·
May 2, 2021
မန္တလေးတိုင်း မိုးကုတ်မြို့မှာ မေ ၂ ရက်က ဆန္ဒပြသပိတ်စစ်ကြောင်းဟာ သေနတ်ဖောက် ဖြိုခွင်းခံရပြီးနောက် ဆန္ဒပြသူ ၁၅ ဦးလောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့မှာ နေရာအနှံ့ ပြောက်ကျားသပိတ်တွေနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
မိုးကုတ်မြို့မှာ မေလ ၂ ရက်က ရပ်ကွက်ပေါင်းစုံစုပေါင်းပြီး ပြောက်ကျားသပိတ် စစ်ကြောင်းတွေ ထွက်ခဲ့ပေမဲ့ အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ အိမ်စီးကားတွေနဲ့ သပိတ်စစ်ကြောင်းတွေကို လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ပါတယ်။