ကျိုက်ထိုမြို့တွင် ကျောင်းသားများ ဆန္ဒပြ
DVB
·
May 2, 2021
မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့က ကျောင်းသားတွေ စုပေါင်းပြီး မေလ ၂ ရက် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့မှာ လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။
ကျောင်းသားတွေက အကြမ်းဖက် စစ်အုပ်စု လက်အောက် ဖွင့်လှစ်မယ့် သင်ကြားပေးမယ့် စစ်ကျွန်ပညာရေးစနစ်ကိုအလိုမရှိကြောင်းနဲ့ ကျောင်းတွေဖွင့်လှစ်လာရင် ကျောင်းတက်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။
ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့ လာရောက်ခဲ့ပေမယ့် အချိန်မီ လူစုခွဲနိုင်ခဲ့ပါတယ်။