သာကေတတွင် အကြမ်းဖက်စစ်တပ်က လူငယ်များကို လိုက်လံဖမ်းဆီး
DVB
·
May 2, 2021
ရန်ကုန် သာကေတမြို့နယ် ထူပါရုံလမ်းမပေါ်မှာ မေလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက လူငယ်တချို့ကို ဖမ်းဆီးသွားပါတယ်။
လတ်တလော လူငယ် ဘယ်နှယောက် ဖမ်းဆီးခံရတယ်ဆိုတာကို အတိအကျမသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီနေ့ မေလ ၂ ရက် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့မှာ ရန်ကုန် သာကေတမြို့နယ် အပါအဝင် နေရာတော်တော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
Photo - CJ