ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ကောင်စီက မတရား ဖိနှိပ်တဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ချင်းလဲန်းကာကွယ်ရေးတပ်(ပလက်ဝ) က မေ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အာဏာလုစစ်ကောင်စီက မတရားဖမ်းဆီးခံထားရသူတွေကို မေလ ၂ ရက် ညနေ ၄ နာရီ နောက်ဆုံးထား ပြန်မလွှတ်ပေးပါက Chinland Defense Force(CDF-Hakha) အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို လိုအပ်တဲ့ စစ်ဆင်တိုက်ခိုက်ရေးတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဘေးရန်ကနေ ကာကွယ်ဖို့ ချင်းလဲန်းကာကွယ်ရေးတပ်(ပလက်ဝ) Chinland Defense Force(Paletwa) ကို ဧပြီ ၂၈ ရက်မှာ စတင် ဖွဲ့ စည်းခဲ့တာပါ။