မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
DVB
·
May 1, 2021
မော်လမြိုင်မှာ တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းပြီး မေ ၁ ရက်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက် စစ်အုပ်စုလက်အောက်မှာ ဖွင့်လှစ်သင်ကြားပေးမယ့် ပညာရေးစနစ်ကို ကျွန်ပညာရေးစနစ်လို့ သတ်မှတ်ထားတဲ့အပြင် ကျောင်းတွေ ဖွင့်ရင် တက်မှာ မဟုတ်ဘူးလို့ သူတို့က ပြောကြပါတယ်။
ဒါ့အပြင် ဆန္ဒပြကျောင်းသားတွေက စစ်အာဏာရှင်ကို အဆုံးသတ်တဲ့အထိ တိုက်ပွဲဝင်ပေးကြဖို့ ပြည်သူတရပ်လုံးအား ထပ်မံတိုက်တွန်းသွားပါတယ်။