ကလေးမြို့တွင် သူနာပြုဆရာမနှင့်ကျောင်းဆရာမတို့ ဖမ်းဆီးခံရ
DVB
·
May 1, 2021
စစ်ကိုင်းတိုင်း ကလေးမြို့က သူနာပြုနဲ့ သားဖွားသင်တန်းကျောင်း နည်းပြဆရာမနဲ့ ကျောင်းဆရာမတို့ မေ ၁ ရက် မနက်က ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူနာပြုဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်ကို သူနေထိုင်ရာ အောင်သစ္စာရပ်ကွက် အိမ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေက ဒီမနက် လာဖမ်းသွားတယ်လို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
“ဆရာမကြီးကို ဘာအတွက် ဖမ်းတာလဲ မသိဘူး။ ဆရာမကြီး ညီမ ကျောင်းဆရာမကတော့ CDM လုပ်လို့ တခါတည်း ဖမ်းသွားတာ” လို့ ကလေးဒေသခံက ဆိုပါတယ်။
Photo crd