ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီလ ၃၀ ရက်နေ့ကစပြီး စက်သုံးဆီတွေကို အကန့်အသတ်နဲ့ပဲ ရောင်းချပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ လက်နက်ကိုင်တွေက ဖားကန့် ၈ မိုင်မှာ စက်သုံးဆီကားတွေကို အဝင်ပိတ်လိုက်တာ တစ်ပတ်ကျော်ရှိနေပြီလို့လည်း သိရပါတယ်။
ဒီနေ့ ဧပြီ ၃၀ရက်နေ့ ဆိုရင် ဖားကန့်မြို့မှာ စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်သာ ကျန်ရှိပြီး လက်ကျန်စက်သုံးဆီတွေကို အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
အရင်က ဖားကန့်စက်သုံးဆီဈေးဟာ ၁ ဂါလန် ကျပ် ၄၅၀၀ သာရှိပေမယ့် မနေ့က ဧပြီ ၂၉ ရက်နေ့ကစပြီး ၁ လီတာ ကျပ် ၃၇၈၀၊ တစ်ဂါလန် ကျပ် ၉၀၀၀ လောက်အထိ မြင့်တက်ခဲ့ပြီး ယနေ့ဆီဈေး တစ်ဂါလန် ပေါက်ဈေး ကျပ် ၁၅၀၀၀ ကျပ်ထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
ဖားကန့်နေ ပြည်သူတွေဟာ မနေ့ကစလို့ စက်သုံးဆီ အလုအယက်ဝယ်ယူခဲ့ရပြီး ဒီနေ့မှာတော့ အကန့်အသတ်နဲ့ပဲ ရောင်းချတာကြောင့် စက်သုံးဆီ ပြတ်လပ်သွားမှာကို စိုးရိမ်နေကြပါတယ်။
Photo-CJ