မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ နီလာစျေးကြီးမှာ စျေးလာဝယ်တဲ့ ပြည်သူတစ်ဦးကို ဧပြီလ ၂၉ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားပါတယ်။
အဖမ်းခံရသူဆီမှာ လက်နက်ပါတာကြောင့် လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
“သူကကုန်စုံဆိုင်မှာစျေးလာဝယ်တာ။ ခဏကြာတော့ ရဲတွေရောက်လာပြီး ဖမ်းသွားတာ။ ဘယ်သူသတင်းပေးလဲတော့မသိဘူး။ လက်နက်ပါတယ်ဆိုပြီး ဖမ်းသွားတာ” လို့ ဒေသခံ တဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါးဘူး။
မိုးကုတ်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွေ နေ့စဉ်လိုလို ပုံစံမျိုးစုံနဲ့ ဆက်ရှိနေသလို တိုက်ရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေတာ ရှိပါတယ်။