ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ အမျိုးသား ၁ ဦးကို ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသားက ရထားလမ်းမှာ နေထိုင်သူဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေပါ ဝန်းရံခဲ့သူလည်းဖြစ်ပါတယ်။
သူ့ကိုတော့ ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းမှာ ဖုန်းဆက်ပြီး အဖမ်းခံရကြောင်း မိသားစုဝင်တွေဆီ အသိတွေက ဆက်သွယ်အကြောင်းကြားလာတယ်လို့ ပတ်ဝန်းကျင်က လူတွေက DVB ကိုပြောပါတယ်။
စစ်အာဏာရှင်လှုပ်ရှားမှုတွေကြောင့် ခုလိုဖမ်းဆီးခံရတာ ဖြစ်နိုင်ပြီး ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာတော့ ခုထိ မသိရသေးဘူးလို့ ဆိုပါတယ်။