မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထက်တန်းကျောင်းအုပ် ၁၄ ဦးကို မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့က ဧပြီ ၂၇ ရက်နေ့မှာ အမည်ပျက် ကြေညာလိုက်တာပါ။
ဒီကျောင်းအုပ်တွေဟာ ပြည်သူ့သစ္စာဖောက် လောက်ကောင်တွေဖြစ်ကြပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ဩဇာခံတွေ ဖြစ်တဲ့အတွက်ကြောင့် အမည်ပျက်စာရင်း ကြေညာရတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကျောင်းအုပ်တချို့ဟာ ဆရာ၊ဆရာမတွေကို ကျောင်းပြန်တက်ဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးနေတယ်လို့ CDM ဆရာ၊ ဆရာမတွေက ဒီဗွီဘီကို ပြောပါတယ်။
အခုအခါ အကြမ်းဖက် စစ်ကောင်စီကလည်း နိုင်ငံတဝန်းရှိ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းဆရာ၊ဆရာမတွေကို မေလ ၃ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းပြန်တက်ဖို့ ဖိအားပေးနေပါတယ်။