ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မင်္ဂလာလမ်းမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှာ ဧပြီ ၂၈ ရက် မနက် ၁၁ နာရီခွဲလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေအိမ်မှာနေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်တာ ဝန်ပေးအပ်ထားသူဖြစ်ပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် မင်္ဂလာလမ်းကို ပိတ်ထားလိုက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေရောက်ရှိလာပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးတဲ့အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။