Live
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် ငလျင်ငယ် ၄ ကြိမ်လှုပ်
DVB
·
April 28, 2021

ဧပြီ ၂၇ ရက်နေ့က ပဲခူးတိုင်းထဲမှာ ငလျင်ငယ် ၄ ကြိမ်လှုပ်ရှားခဲ့တယ်လို့ ငလျင်စောင့်ကြည့်တဲ့ ဌာနတွေရဲ့အချက်အလက်တွေအရ သိရပါတယ်။

မနက်အစောပိုင်း ၁ နာရီလောက်က ဖြူးမြို့ရဲ့တောင်ဘက် မိုင် ၂၀ ကျော်မှာ ရစ်ချ်တာစကေး ၂ ဒသမ ၅၊ အင်အားနည်းနည်းရှိတဲ့ ငလျင်တခု စတင်လှုပ်ရှားခဲ့တာပါ။

ညနေ ၆ နာရီခွဲကျော်မှာတော့ ညောင်လေးပင်မြို့နားမှာ ရစ်ချ်တာစကေး ၃ ဒသမ ၆ အဆင့် ငလျင်ငယ်နဲ့ ညနေ ၆ နာရီ မိနစ် ၄၀ ကျော်မှာ ဖြူးမြို့ရဲ့ တောင်၊ အရှေ့တောင်ဘက် မိုင် ၂၀ အကွာမှာ ရစ်ချ်တာစကေး ၂ ဒသမ ၇ ရှိတဲ့ အင်အားနည်း ငလျင်တွေ လှုပ်ရှားခဲ့ပါတယ်။

ည ၇ နာရီကျော်မှာလည်း ညောင်လေးပင်မြို့ရဲ့ အနောက်ဘက် ၁၅ မိုင်အကွာမှာ ရစ်ချ်တာစကေး ၂ ဒသမ ၇ ရှိတဲ့ ငလျင်ငယ်တခု ထပ်ပြီး လှုပ်ရှားခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024