ဧပြီလ ၂၆ ရက်နေ့ ခင်ဦးမြို့ အောင်မဂ်လာရပ်ကွက် အောင်ဘုံကျောင်းတိုက်ကို ရဲနဲ့စစ်သားတွေက. နေ့လယ် ၂နာရီဝန်းကျင်မှာ ဝင်စီးပြီး ဒုလဘ္ဘ ဝတ်နေတဲ့ ကိုယ်တော် ၁ ပါးကို မတရားဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ရဲတွေစစ်သားတွေလာနေပြီလို့ ကြားတာနဲ့ ဘုန်းကြီးကျောင်းထဲကသူတွေ လွတ်ရာပြေးကြရာ ကိုရင်အချို့မှာ ကျန်ခဲ့တာကြောင့် အဲ့ဒီ့ကိုရင်တွေကို တစ်နာရီကြာအောင် တစ်ယောက်ချင်းစစ်မေးခဲ့ကြတယ်လို့ သိရပါတယ်။
အဖမ်းခံလိုက်ရတဲ့ ဒုလဘ္ဘကိုယ်တော်ဟာ လူနာမည် ကိုဝေယံမင်းဖြစ်ပြီး အသက် နှစ်ဆယ်သာ ရှိပါသေးတယ်။
"သူဟာ ဆန္ဒပြ သပိတ်ထွက်ရာမှာလည်း လိုက်ဖူးသူမဟုတ်ပါဘူး။ ဘာအကြောင်းကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရဘူး'' လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
ခင်ဦးမြို့ပေါ်မှာ မတ် ၂၅ ရက်နေ့ကနေ ဒီကနေ့အထိ ရွှေဘိုထောင်ထဲ ရောက်သွားပြီး ပြန်မလွတ်သေးတာ ၂၈ ယောက်အထိ ရှိသွားပြီလည်း ဖြစ်ပါတယ်။