မြန်မာနိုင်ငံမှာ အလုပ်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်လာတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား ၃၈ ယောက်နဲ့ သူတို့ကိုခေါ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်း ၂ယောက်တို့ကို ဧပြီ ၂၃ ရက်က ထိုင်းစစ်တပ်နဲ့ နယ်စပ်ရဲ အပါအဝင်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ပါ ပါတယ်။
အဲဒီရွေ့ပြောင်းလုပ်သမားတွေဟာ ကရင်ပြည်နယ် ဘားအံခရိုင်ကတဆင့် သောင်ရင်းမြစ် တစ်ဘက်ကမ်း တာခ်ရိုင်၊ တာဆောင်ရမ်းမြို့နယ် ရပ်ကွက် ၈ က ထွက်သွားချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဖမ်းမိတဲ့သူတွေကို ရဲစခန်းကို လွှဲပြောင်းပေးပြီး ထိုင်းနိုင်ငံထဲ ဝင်ခွင့်မရှိတဲ့အတွက် ဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။