မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း ၂၉ လမ်းနဲ့ ၂၈ လမ်းကြားရှိ မအိ မီးသတ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ကာကွယ်ရေးပစ္စည်းတွေ ရောင်းတဲ့ဆိုင်ကို ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ အတင်းအဓမ္မဝင်ရောက်ပြီး ပစ္စည်းတွေ ယူဆောင်သွားခဲ့ပါတယ်။
ဆိုင်တံခါးကို အတင်းရိုက်ဖွင့်ဝင်သွားတာဖြစ်ပြီး ပစ္စည်းတွေကို ယူဆောင်သွားပေမယ့် လူဖမ်းဆီးခံရတာ မတွေ့ခဲ့ဘူးလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေထဲမှာ အရပ်ဝတ်တွေနဲ့ သေနတ်တွေ ကိုင်ဆောင်ထားတဲ့အပြင် ဓားရှည်ကိုင်ဆောင်ထားတာတွေကိုလည်း တွေ့ရပါတယ်။