ရေနံချောင်းကျောင်းသားများ စစ်ကျွန်ပညာရေးကို သပိတ်မှောက်
DVB
·
April 23, 2021
မေ ၅ ရက်နေ့မှာ နိုင်ငံတဝန်းက တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်မယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ ရေနံချောင်းတက္ကသိုလ် ကျောင်သား၊ ကျောင်းသူတွေအနေနဲ့ စစ်ကျွန်ပညာရေးကို လက်ခံသင်ယူမှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။
ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းတွေနဲ့အတူ ရပ်တည်ပြီး "Student's CDM" ကို လုပ်ဆောင်သွားမှာဖြစ်သလို အရေးတော်ပုံအောင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။