အိန္ဒိယတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၁၈၀,၀၀၀ ကျော်ရှိလာ

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့  ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံ သေဆုံးသူ အယောက်  ၂၀၀၀ ကျော်ရှိပြီး တရက်အတွင်း သေဆုံးသူ အမြင့်ဆုံး ဦးရေဖြစ်ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က မီးသင်္ဂြိုဟ်စက်တခုမှတော့  လုပ်သားတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံ သေဆုံးသူတွေကို အဆက်မပြတ် မီးသင်္ဂြိုဟ်နေကြရပါတယ်။

“နေ့တိုင်း အလောင်း လေးဆယ်လောက်ကို ဖြေရှင်းနေရတယ်။ အရင်ရက် နည်းနည်း ကတည်းက ကျန်းမာရေးက သိပ်မကောင်းဘူး။ အလုပ်က ဝန်တအားပိလို့ အလောင်းတွေကို ကိုင်တွယ်ရင်း မေ့လဲတာ  သုံးခါရှိပြီ”လို့   မီးသင်္ဂြိုဟ်စက်လုပ်သား ရာဂျက်စ် ကူးမားက ပြောပါတယ်။

ဂုရုဂရမ်မြို့လေးက  မီးသင်္ဂြိုဟ်စက် အသေးလေးမှာလုပ်တဲ့ လုပ်သားတယောက်ကတော့ “နေ့တိုင်းအလောင်း တဒါဇင်လောက်ကို ပျမ်းမျှ မီးရှို့နေရတယ်၊ အရင်ထက် လူပိုများလာတယ်”လို့  ပြောပါတယ်။

ဗာရာဏသီမြို့မှာလည်း  ဂင်္ဂါမြစ်ကမ်းမှာ မီးရှို့စင်တွေ လောင်ကျွမ်းနေတာကို မြင်နေရပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉  ကူးစက်ခံဦးရေ စုစုပေါင်းဟာ ၁၅ ဒသမ ၆ သန်းရှိခဲ့ပြီး ကူးစက်ခံ သေဆုံးသူဦးရေ စုစုပေါင်းဟာ အယောက် ၁၈၀,၅၃၀  ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်း တွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up