ဧရာဝတီတိုင်း၊ ပုသိမ်မြို့က စည်ပင်ပိုင်မြေနေရာမှာ နေထိုင်သူတွေအနေနဲ့ မြေခွန်မပေးဆောင်ရင် အိမ်ဖျက်ပေးဖို့ ခြိမ်းခြောက်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတွေက အခွန်မဆောင်တော့တာကြောင့် ဧပြီ ၂၁ ရက်နေ့ ရက်စွဲပါစာနဲ့ လာမယ့် မေလ ၂၀ ရက်နေ့ကို နောက်ဆုံးထား အခွန်ပေးဆောင်ဖို့ မြို့နယ်စည်ပင်က အကြောင်းကြားလာခဲ့တာပါ။
စည်ပင်ပိုင်မြေနေရာမှာ နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ကတော့ အာဏာသိမ်းစစ်တပ်ကို အထောက်ပံ့ ပေးတာမျိုးဖြစ်မှာကို စိုးရိမ်လို့ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလကစတင် အခွန် မပေးဆောင်ခဲ့သလို ခုလည်းဆောင်မှာမဟုတ်ဘူးလို့ပြောပါတယ်။
တကယ်လို စည်ပင်ပိုင်မြေပေါ်နေထိုင်သူတွေအနေနဲ့ အခွန်မပေးဆောင်ရင် ဇွန်လ ၁ ရက်နေ့ကစတင်ကာ အဆောက်အအုံတွေ ဖျက်သိမ်းပေးဖို့ စာထုတ်အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။