ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ခေါင်လန်ဖူးလူငယ် ၆ ဦးအား ဧပြီလ ၂၂ နေ့ မွန်းတည် ၁၂ နာရီအချိန်၀န်းကျင်မှာ မကွေဇဂိတ်ထိုင်စောင့်နေတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က မတရားဖမ်းဆီးထိန်းသိမ်းသွားတယ်လို့ နောင်မွန်းဒေသခံတစ်ဦးက ပြောပါတယ်။
ခေါင်လန်ဖူးလူငယ် ၆ ဦးဟာ ခေါင်လန်ဖူးမြို့ကနေ ပူတာအိုမြို့ကို ဆင်းလာတဲ့ လမ်းတစ်၀က်မှာ ဖမ်းဆီးခံရတာလို့ နောင်မွန်းဒေသခံက ပြောပါတယ်။
"လူငယ် ၆ ဦးက ခေါင်လန်ဖူးနဲ့ ပူတာအိုကြားမှာ အထိုင်ချထားတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က မကွေဇဂိတ်မှာ ဖမ်းဆီးခဲ့ပြီး ဘယ်လိုကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘူး။”
ဒီနေ့ဖမ်းဆီးသွားတဲ့ လူငယ် ၆ ဦးကို နောင်မွန်းမြို့ဘက်ကို ခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေ ဒေသခံတစ်ဦးက ပြောပါတယ်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ပူတာအိုခရိုင်အတွင်းက ဒေသခံလူငယ်တွေ၊ နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းမှာ ပါ၀င်တဲ့ လူငယ်တွေ သတင်းပေးတာ၊ အကြမ်းဖက်တပ်ဖွဲ့အား လမ်းပြပေးခြင်းတာတို့ကို လုပ် ဆောင်နေတယ်လို့ သိရပါတယ်။