ငြိမ်းချမ်းစွာ အာဏာဖီဆန်တဲ့ (CDM) လှုပ်ရှားမှာပါဝင်တဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းက ဆရာမ ဒေါ်နန်းရင်ရင်အေးကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားပါတယ်။
ဧပြီ ၂၀ ရက် ည ၁၀ နာရီလောက်က အမှတ် (၉) ရပ်ကွက်နေအိမ်မှာ ဆရာမ ဒေါ်နန်းရင်ရင်အေးကို တပ်ထောက်ခံတဲ့ အမျိုးသမီး ဒလန်တစ်ယောက်ရဲ့ သတင်းပေးမှုကြောင့် စစ်တပ်နဲ့ရဲက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဒလန်အမျိုးသမီးဟာ ဆရာမရဲ့ နေအိမ်အခြေအနေကို လာရောက်ကြည့်ရှုပြီးနောက် ရဲကိုသတင်းပေးခဲ့အတွက် ညပိုင်းမှ ဧည့်စာရင်းစစ်ဆေးဖို့ အကြောင်းပြချက်နဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေါ်နန်းရင်ရင်အေးရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။