မြန်မာ့အရေးဆွေးနွေးရန် ကုလအထူးသံတမန် အင်ဒိုနီးရှားသို့ သွားမည်

Security Council Considers Situation in Myanmar 5 Myanmar - Christine Schraner Burgener, Special Envoy for Myanmar

မြန်မာနိုင်ငံ သွေးထွက်သံယိုပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအဆင့်မြင့်အရာရှိတွေနဲ့တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ကုလအထူးကိုယ်စားလှယ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို  မနက်ဖန် ဧပြီ ၂၂ ရက်နေ့မှာ သွားရောက်မယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ခရစ္စတင်းရှာရနာ ဘာဂျီနာဟာ အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ပေမယ့် မြန်မာနိုင်ငံ ပြဿနာအတွက် ကြားဖြတ်တွေ့ဆုံဆွေးနွေးပွဲတွေ တက်ရောက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးသံတမန် ခရစ္စတင်းဘာဂျီနာဟာ   မြန်မာနိုင်ငံကိုသွားရောက်ခွင့်ရဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ကြိုးပမ်းခဲ့ပေမဲ့  စစ်တပ်က သူ့ကို မြန်မာပြည် လာရောက်ခွင့်မပြုခဲ့ပါဘူး။

ခရစ္စတင်းဘာဂျီနာဟာ  မြန်မာနိုင်ငံကိုသွားခွင့်မရခင် ဒေသတွင်းနိုင်ငံတွေရဲ့ အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး သံတမန်နည်းအရ မြန်မာနိုင်ငံ ပြဿနာကို အဖြေရှာကြိုးပမ်းဖို့ ပြီးခဲ့တဲ့သတင်းပတ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်ရှိနေကာ ကွာရန်တင်းဝင်နေရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Photo- UN

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up