မြင်းခြံတွင် မီးလောင်မှုကြောင့် လူနေအိမ် ၁၀ လုံးနှင့် ဂိုဒေါင် ၁ လုံး ဆုံးရှုံး
DVB
·
April 21, 2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် အမှတ် ၁၅ ရပ်ကွက်၊ နယ်မြေ ၆ မှာ ဧပြီ ၂၀ ရက် ည ၁၁ နာရီ ၄၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်ရာကို မြင်းခြံခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးဆောင်ပြီး မီးငြိမ်းသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်ဝေါ၊ မီးသတ်တပ်ဖွဲ့ဝင်တေါနဲ့ သွားရောက်ငြိမ်သတ်ခဲ့ရာ ဧပြီ ၂၁ ရက် မနက် ၁၂ နာရီ မိနစ် ၃၀ မှာ မီးလုံးဝငြိမ်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် လူနေအိမ် ၁၀လုံး၊ ဂိုဒေါင် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုး ၉၅၀၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပါတယ်။