မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၂၁ ရက်က ရပ်ကွက်အလိုက်လုံခြုံရေးအရ ပိတ်ဆို့တားဆီးထားတဲ့လမ်းတွေကို စစ်တပ်က လိုက်လံဖြိုဖျက်စဉ် ဘာကြောင့်ဖြိုတာလဲလို့ မေးမြန်းခဲ့တဲ့ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးသွားတဲ့ ပြည်သူ ၂ ဦးရဲ့ အခြေအနေနဲ့ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ခုရက်ကိုင်း မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက လူနေ ရပ်ကွက်ထဲတွေဝင်ပြီး သေနတ်ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်တာ၊ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ယူသွားတာ တွေရှိနေတာကြောင့် ပြည်သူပိုင်လမ်းတွေကို မြို့ခံတွေက ပိတ်ဆို့တားဆီးထားတာ ဖြစ်ပါတယ်။
အဆိုပါအတားအဆီးတွေကို စစ်တပ်က ဘူဒိုဇာ မြေတူးစက်တွေနဲ့ လိုက်လံ ဖြိုဖျက်နေတာကြောင့် လမ်းမကြီးတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။