Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး အာဆီယံအစည်းအဝေးတက်မည်ဟု စစ်ကောင်စီပြန်ကြားရေးပြော
DVB
·
April 21, 2021

မြန်မာအရေး ဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေးဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ လာမယ့် စနေနေ့ ဧပြီ ၂၄ ရက်နေ့ ကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီး ဒီအစည်းအဝေးကို အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် သေချာပေါက် တက်ရောက်မှာလို့ အကြမ်းဖက်စစ်ကောင်စီ  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နစ်ကီအေးရှားသတင်းဌာနကို ဒီနေ့မနက်မှာ ထပ်မံအတည်ပြုပါတယ်။

ဒါ့အပြင် လတ်တလောလူပြောများနေတဲ့ ဗိုလ်ချုပ်ကြီးရာပြည့်အပါအဝင် စစ်အရာရှိကြီးတချို့ ထိန်းသိမ်းခံနေရတဲ့သတင်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုလိုက်ပြီး သူတို့တွေအားလုံး နေပြည်တော်မှာ အလုပ်များနေပါတယ်လို့ ဆိုပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် နိုင်ငံပြင်ပကိုရောက်လာရင် လက်ထိပ်ခတ်သင့်တယ်လို့ Global Centre of R2P ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပြီးနောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် အင်ဒိုနီးရှားကို သွားရဲ မသွားရဲ အပြန်အလှန်သုံးသပ်ချက်တွေရှိခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုက အခုလို ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024