တပ်မတော်သားတွေအနေနဲ့ ပြည်သူနဲ့ပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
တပ်မတော်သားတွေအနေနဲ့ မြန်မာပြည်ကို ပြည်တွင်းစစ်ထဲမှာထားပြီး အနိမ့်ဆုံးအဆင့်ကို ပို့ခဲ့တဲ့ စစ်အာဏာရှင်ကို သုတ်သင်ရှင်းလင်းကာ ဖယ်ထုတ်ပြီး ပြည်သူနဲ့ပူးပေါင်းကြဖို့ တိုက်တွန်း ပြောဆိုလိုက်တာပါ။
တော်လှန်ရေးနည်းဗျူဟာ ၄ မျိုးဖြစ်တဲ့ စစ်အာဏာရှင် ယန္တရား မလည်ပတ်နိုင်အောင် CDM ကို ဆက်ပြီးတိုက်ပွဲဝင်ကြဖို့၊ ပြည်သူ့ကာကွယ်ရေးတပ် တိုင်းရင်းသားတော်လှန်ရေးတပ်တွေ ကို ဝင်ရောက်တိုက်ပွဲဝင်ကြဖို့၊ မြို့တွင်းမြို့ပြင် ပြည်သူ့စစ် ပျောက်ကြားစစ် အချိန်ကိုက် တိုက်ပွဲဝင်နိုင်ရေးပြင်ဆင်ကြဖို့နဲ့ ခေတ်မှီနည်းပညာသုံးတိုက်ပွဲဝင်နိုင်ရေး လေ့ကျင့်ပြင်ဆင်ကြဖို့ လည်း ပြောပါတယ်။
NUG အစိုးရအဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းကလည်း တပ်မတော်သားတွေအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်ကို ထားခဲ့ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားထားပါတယ်။