မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်း အကြီးတန်းစာရေး မနွယ်နီဦးကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းဆေးရုံက CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ် မနွယ်နီဦးကို ဧပြီ ၂၀ ရက် ဒီနေ့ညနေ ၃ နာရီခွဲလောက်မှာ ရဲမေတွေ အပါအဝင် ရဲနဲ့စစ်တပ်က အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို လိုက်လံ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း တပ်စွဲထားပါတယ်။