Home
မြန်မာသတင်း
ကျောင်းပြန်မတက်ဘဲ စစ်ကျွန်ပညာရေးစနစ်ကို ဆက်လက်သပိတ်မှောက်ရန် တိုက်တွန်း
DVB
·
April 20, 2021

ကျောင်းသားတွေအနေနဲ့ ကျောင်းပြန်မတက်ဘဲ စစ်ကျွန်ပညာရေးစနစ်ကို ဆက်လက်သပိတ်မှောက်ဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီပညာရေး စနစ်ရမှသာ ပညာသင်ကြားကြဖို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဧပြီ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်တိုက်တွန်းပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၅ ရက်နေ့မှာ တစ်နိုင်ငံလုံးက တက္ကသိုလ်တွေပြန်ဖွင့်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတာပါ။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်းတွေ ဆရာဆရာမတွေ CDM အာဏာဖီဆန်လှုပ်ရှားမှုမှာ ပါဝင်နေကြသလို ကျောင်းသားသမဂ္ဂတွေ ပညာရေး အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့  ဆန့်ကျင်ဆန္ဒပြနေ ကြတာဖြစ်ပါတယ်။

ယနေ့ မန္တလေးမြို့မှာ  ပိတ်ဆို့စစ်ဆေးမှုတွေ ရှိပေမဲ့  နေ့လည်ပိုင်းမှာ မန္တလေးတကသများစစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက်ဆန္ဒပြခဲ့ပါတယ်

ဆန္ဒပြနေစဉ် ရဲနဲ့ စစ်တပ်က သပိတ်ဖြိုခွင်းဖို့  လာနေကြောင်း သတင်းရလို့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေရဲ့  လုံခြုံရေးအတွက် အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်တဲ့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ အများအပြားကို စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးထောင်ချထားပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024