မော်လမြိုင်တွင် မိုလိုတော့ဗ်စာစဉ် ဖြန့်ဝေ
DVB
·
April 19, 2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာ ဧပြီ ၁၉ ရက်နေ့က လူငယ်တွေ စုပေါင်းပြီး မိုလိုတော့ဗ်စာစဉ်တွေကို လိုက်လံဖြန့်ဝေခဲ့ပါတယ်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက ပြည်သူတွေရဲ့ သတတင်း သိပိုင်ခွင့်ကို ချိုးဖောက်ပြီး အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး သတင်းအမှန် သိရှိစေဖို့အတွက် လိုက်လံဖြန့်ဝေခဲ့ကြတာလို့ လူငယ်တွေက ပြောပါတယ်။
ဒီမိုလိုတော့ဗ်စာစဉ်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်မပြုထားတဲ့ စာစဉ်လို့ ကြေညာထားသလို ထုတ်ဝေသူတွေကို အရေးယူမယ်လို့ ဆိုထားပါတယ်။