Home
မြန်မာသတင်း
မြစ်ကြီးနား CDM ပညာရေးဝန်ထမ်းများက NUG အစိုးရအား ထောက်ခံကြိုဆို
DVB
·
April 19, 2021

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှ CDM လှုပ်ရှားမှုမှာ ပါ၀င်တဲ့ ပညာရေး၀န်ထမ်းတွေက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကြိုဆိုထောက်ခံကြောင်း ဧပြီ ၁၈ ရက်နေ့စွဲနဲ့ သဘောထားထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒု သမ္မတ ဒူဝါလရှီးလ ဦးဆောင်ပါ၀င်တဲ့ အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့၀င်တွေကို လှိုက်လှဲစွာကြိုဆိုကြောင်း၊ NUG အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ဖက်ဒရယ်ပညာရေးစနစ် ပေါ်ပေါက်တဲ့အထိ  CDM ပညာရေး၀န်ထမ်းတွေက လိုက်နာပူးပေါင်းဆောင်ရွက်သွားမယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဧပြီလ ၁၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)မှ ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့  ပြည်သူ့အာဏာကိုကျင့်သုံးပြီး  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024