မုံရွာမြို့မှာ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးတည်းဖြတ်ရေးလုပ်ငန်း လုပ်ကိုင်သူ ကိုကံအောင်ကို စစ်တပ်က ဧပြီ ၁၇ ရက်မွန်းလွဲ ၂ နာရီလောက်မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သူ့နဲ့ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးက ပြောပါတယ်။
လက်နက်ကိုင်စစ်သားတွေက ကိုကံအောင်ရဲ့တအိမ်လုံးကို ရှာဖွေစစ်ဆေးပြီးနောက် ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူဘာမှလုပ်တာမရှိဘူး။ သူနေအိမ်မှာရှာဖွေပြီး ဖမ်းဆီးသွားတယ်။ ကွန်ပျုတာတွေ ဖုန်းတွေယူသွားတယ်။ ဘာအတွက်ဖမ်းဆီးတယ်ဆိုတာ အခုချိန်ထိ မသိရသေးဘူး” လို့ ကိုကံအောင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူတွေ၊ သပိတ်ခေါင်းဆောင်တွေ၊ CDM ဝန်ထမ်းတွေနဲ့ သတင်းသမားတွေကို အကြမ်းဖက် စစ်တပ်နဲ့ ရဲတွေက လိုက်လံဖမ်းဆီး အမှုဖွင့် ထောင်ချနေတာဖြစ်ပြီး ကိုကံအောင်ကို လက်ရှိဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။