Home
မြန်မာသတင်း
သရုပ်ဆောင် မေတိုးခိုင်၊ ဇဏ်ခီဇနီးမောင်နှံတို့ကို အကြမ်းဖက်စစ်အုပ်စု ထပ်မံဖမ်းဆီး
DVB
·
April 18, 2021

အာဏာသိမ်းစစ်အုပ်စုဟာ နာမည်ကြီး အနုပညာရှင်တွေ၊ အများပြည်သူကြား ထင်ရှားသူတွေကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ထုတ်ပြန်ပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင် နေကြပြီး သရုပ်ဆောင် မေတိုးခိုင်နဲ့ ဇဏ်ခီ ဇနီးမောင်နှံတို့ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိ ရပါတယ်။

နာမည်ကြီးသရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ တူမတော်စပ်သူ မေတိုးခိုင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတ ယောက်ဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ နီးစပ်တဲ့ အသိုင်းအ ဝိုင်းက ဆိုပါတယ်။

          သရုပ်ဆောင်မင်းသား ဇဏ်ခီ၊ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့ မိသားစုကိုတော့ ဒီကနေ့ မနက်အစောပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်းမှာ အရပ်ဝတ်နဲ့ လူတစုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အာဏာသိမ်း စစ်ကောင်စီဟာ နေ့စဉ်ရက်ဆက်ဆိုသလို သူ့ရဲ့ဝါဒဖြန့် မြန်မာ့အ သံနဲ့ ရုပ်မြင်သံကြား၊ မြဝတီမီဒီယာတွေကနေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူတွေ စာရင်းကို ညစဉ်ထုတ်ပြန်နေပြီး ဆန္ဒပြပြည်သူတွေကိုတော့ မြို့ရွာအနှံ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ကောင်စီဟာ သရုပ်ဆောင် လူမင်း၊ ရဲတိုက်၊ ဗျူး တီးဘလော့ဂ်ဂါ ဝင်းမင်းသန်း၊ မော်ဒယ်လ် ပိုင်တံခွန်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ၊ အဆိုတော် ပိုပို၊ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဇင်ဝိုင်းတို့ကို ဖမ်းဆီးထားခဲ့ သလို ပုဒ်မ ၅၀၅ မထုတ်ပြန်ပဲ လူရွှင်တော် ဇာဂနာကိုလည်း ဖမ်းဆီးထားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန် ချက်အရ မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလအတွင်း စစ်အုပ်စုရဲ့ အကြမ်း ဖက် ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၇၃၀ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၁၅၂ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီထဲက ၇၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရကာ အမှုဖွင့်ခံထားရ ပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၈၇၁ ယောက်လောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ် ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024