တောင်ကိုရီးယားနိူင်ငံ Ulsan အူဆန်မြို့မှာ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့က ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေက ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် အလှူခံပေးနေကြပါတယ်။
အူဆန်မြို့က နိုင်ငံခြားအလုပ်သမားကူညီရေးစင်တာမှ ကိုရီးယားတွေ၊ အူဆန်တက္ကသိုလ်က ကျောင်းသားတွေ၊ ပြည်ပရောက်မြန်မာစုပေါင်းပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေသလို စစ်ဘေးရှောင်တွေအတွက်ပါ အလှူခံပေးနေတာလို့ ပါဝင်သူ ၁ ဦးက ပြောပါတယ်။
အလှူခံလို့ ရရှိလာတဲ့ ငွေတွေကိုတော့ ပဲခူးမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ၊ စစ်ဘေးရှောင်နဲ့ နေရာအနှံ့ လှူဒါန်းတာတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။