ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်ကနေ အကျဉ်းသားအကျဉ်းသူပေါင်း ၅၀၅ ယောက်ကို ဧပြီ ၁၇ ရက် ဒီကနေ့ နှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
မြစ်ကြီးနားထောင်ကနေ အမျိုးသား ၃၉၀ ယောက်နဲ့ အမျိုးသမီး ၁၁၅ ယောက်ကို လွတ်ပေးခဲ့တာလို့ အကျဉ်းဦးစီးဌာနကနေသိရပါတယ်။
“ပုဒ်မတွေ အကုန်လုံးကို လေးပုံတစ်ပုံ လွတ်ငြိမ်းသက်သာ ခံစားခွင့်ပေးပြီး အဲ့ဒီအထဲမှာ အကျုံးဝင်တဲ့ လူကိုလွတ်ပေးလိုက်တာပါ”လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဒီကနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေ အသီးသီးကနေ အကျဉ်းသား၊ အကျဉ်းသူပေါင်း နှစ်သောင်းကျော်လွှတ်ပေးခဲ့ တာဖြစ်ပါတယ်။