အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ပတ်သက်ပြီး တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံတွေ ရှိနေပြီး ရက်ပိုင်းအတွင်းမှာ သိရလိမ့်မယ်လို့ အစိုးရအဖွဲ့သစ်ရဲ့ ပြည်ထောင်စုဝန်ကြီး ဉီးလွင်ကိုလတ်က ပြောပါတယ်။
ဘယ်နိုင်ငံတွေဆိုတာကိုတော့ အတိအကျထုတ်ဖော်ပြောဆိုတာမရှိပေမယ့် ထောက်ခံအသိအမှတ်ပြုတဲ့နိုင်ငံတွေအထဲမှာ အနောက်နိုင်ငံ တွေအပါအဝင် အာရပ်နွေဉီးကို ဖြတ်သန်းခဲ့ရတဲ့နိုင်ငံတချိုလည်းပါဝင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒီအစိုးရအဖွဲ့သစ်ရဲ့ ရှေ့ဆက်လုပ်ဆောင်မဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဒီကနေ့ အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဉီးလွင်ကိုလတ်က ပြောဆိုခဲ့တာပါ။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒီကနေ့ ဧပြီ ၁၆ ရက်နေ့မှာ တရားဝင်ကြေညာ ခဲ့တာ ဖြစ်ပါတယ်။