မန္တလေးမြို့က ရပ်ကွက်တစ်ချို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ ရေပတ်ဖို့ ပြောဆိုတာတွေရှိပြီး အတင်းအကျပ် ရေပက်ခိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးငယ်တွေကို မုန့်ဖိုးပေးပြီး ရေပက်ခိုင်းတာ၊ ရေကစားခိုင်းတာတွေလည်း ရှိတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
“မနေ့က ကားသုံးစီးနဲ့ စစ်သားတွေ ရဲတွေက အိမ်တွေထဲဝင်ပြီး ရေပက်ချင်လို့ပါပြောတယ်။ ရေပြန်ပက်ဖို့ကိုလည်း ပြောတယ်။ ဒါတွေ ဓာတ်ပုံရိုက်ယူသွားပြီး သတင်းအမှားတွေ တင်မှာပဲ စိုးရိမ်နေတယ်။ တကယ်ဆို ရပ်ကွက်ထဲမှာ ရေပက်မယ့်သူကို မရှိဘူး။” လို့ -ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ဟာ သင်္ကြန်နဲ့ ပတ်သက်ရင် စည်ကားတဲ့ မြို့တစ်မြို့ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ ပျော်ပါးမနေချင်တာကြောင့် ပြည်သူ တော်တော်များများက ရေပက်တာ၊ ရေကစားတာတွေ မလုပ်ဘဲ တော်လှန်သင်္ကြန်အဖြစ် နှစ်သစ်ကူးကို ဖြတ်သန်းနေကြပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက်လည်း နေ့စဉ် စစ်ကြောင်းထွက်ပြီး ချီတက်ဆန္ဒပြနေတာတွေလည်း ရှိပါတယ်။