စစ်ကိုင်းတိုင်း ကနီမြို့နယ်အနီး လက်ရှည်ကျေးရွာ လုံခြုံရေးဆောင်ရွက်နေတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်စစ်တပ်က ဧပြီ ၁၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်အင်အားအများအပြားနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒေသခံတွေပြုလုပ်ထားတဲ့ ခံတပ်သပိတ်တွေကို အကြမ်းဖက်စစ်တပ်က ကား ၁၄ စီးနဲ့ လာပစ်တော့ ဒေသခံတွေက တူမီးသေနတ်တွေနဲ့ ပြန်ခုခံပစ်တယ် အကျဆုံးအများအပြားရှိတယ်။ အခု ကျနော်တို့ စာရင်းရတာ ၆ ယောက်လောက်ပဲ သိရတယ်၊ ပျောက်ဆုံးနေတဲ့ ရွာသားတွေများတယ်၊ မနေ့က ညနေ ၄ နာရီက ပစ်ခတ်တာ ညပိုင်း ၈ နာရီထိ ပစ်ခတ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။