မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ထဲရှိ ဧရာဝတီမြစ်ဘေးမှာ ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေတပ်ပေါင်းစုဟာ ဧရာဝတီတော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။
အဲ့ဒီဆန္ဒပြမှုကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ က ဖြိုခွဲဖို့ လာရောက်ခဲ့ပေမယ့် အချိန်မီလူစုခွဲလိုက်တာကြောင့် ဖမ်းဆီးခံလိုက်ရတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ သရက်တပင် အတက် ၁၄ လမ်းတာရိုးထိပ်မှာ ပြည်သူတွေရဲ့ ဖုန်းတွေ ဆိုင်ကယ် toolbox တွေကို စစ်ဆေးတာတွေရှိနေပါတယ်။