အဆိုတော် ပိုပို ဖမ်းဆီးခံရ
DVB
·
April 15, 2021
အဆိုတော် ပိုပိုကို ဒီနေ့ညနေ ၃ နာရီကျော်လောက်မှာ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဆိုတော် ပိုပို (ဝတ်ရည်မိုး) ဟာ ဒီနေ့ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ သူ့အိမ်ကို ခဏပြန်လာခိုက် အချိန်ကိုက် စစ်ကား ၂ စီး၊ ရဲကား ၂ စီးနဲ့ လာရောက်ဖမ်းခေါ်သွားတာလို့ သူ့ရဲ့ မန်နေဂျာက အတည်ပြုပါတယ်။
အဆိုတော်ပိုပိုကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားကြောင်း ဧပြီလ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။