လူမှုကွန်ရက်စာမျက်နှာတွေမှာ မွန်ညီညွတ်ရေးပါတီနဲ့ ပတ်သက်ပြီး မဟုတ်မမှန်သတင်း တင်ထားသူတွေအပါအဝင် ရှယ်ထားသူတွေအနေနဲ့ လာရောက်မတောင်းပန်ရင် အရေးယူမယ်လို့ ပါတီဗဟိုက ဧပြီ ၁၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
မွန်ညီညွတ်ရေးပါတီကို မဟုတ်မမှန်သတင်း တင်ထားသူတွေနဲ့ ရှယ်ထားသူတွေဟာ မော်လမြိုင်မြို့က ပါတီဌာနချုပ်မှာ လာရောက်တောင်းပန်ဖို့နဲ့ လူမှုကွန်ရက်ပေါ်မှာလည်း တောင်းပန်စာရေးဖို့ သတိပေးထားပါတယ်။
လာရောက် မတောင်းပန်ရင် စည်းကမ်းချက်တွေနဲ့အညီ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်အပြင် မွန်ပြည်နယ် အဆင့် ကော်မတီမှာလည်း အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်နေတဲ့အတွက်ကြောင့် ဝေဖန်ခံနေရ တာပါ။