Home
မြန်မာသတင်း
စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံ၌ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်၊ ကျပ်ငွေတန်ဖိုး ၁၄ ရာခိုင်နှုန်း ကျဆင်း
DVB
·
April 13, 2021

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်  အစပျိုးလာနေတဲ့ ငွေကြေး အကြပ်အတည်းကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီလို့ ဂျပန်အခြေစိုက် နိခဲအိ အေးရှ သတင်းဌာနက ဧပြီ ၁၂ရက်မှာ သတင်းထုတ်ပါတယ်။

ပြည်ပတင်သွင်းကုန်တွေကို မှီခိုနေရတဲ့ စီးပွားရေးကြောင့် မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာအကြား ငွေလဲနှုန်းမှာ မြန်မာငွေတန်ဖိုး ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဓာတ်ဆီဈေးကတော့ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ 

မြန်မာကျပ်ငွေ တန်ဖိုးဟာ ဖေဖော်ဝါရီ  ၁ ရက်နေ အာဏာသိမ်းမှုအပြီးတည်းက ဆက်တိုင် ကျဆင်း လာနေတာဖြစ်ပြီး ပြည်ပ တင်သွင်းကုန်တွေရဲ့ ဈေးနှုန်းတွေလည်း တစစ တက်လာခဲ့တယ်လို့ နိခဲအိ အေးရှ သတင်းမှာ ဖော်ပြပါတယ်။

အရင်က မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှည်နှုန်းဟာ ၁ ဒေါ်လာကို ကျပ် ၁၄၀၀ လောက်ရှိရာက အခုအခါမှာတော့ အမေရိကန် ၁ ဒေါ်လာကို ဝယ်ဈေး ၁၅၇၅ ကျပ်နဲ့ ရောင်းဈေး ၁၅၉၀ အထိရှိလာပါတယ်။

လောင်စာဆီဈေးတွေလည်း ဆက်လက်မြင့်တက်နေပြီး အရင်က  ဓာတ်ဆီ အောက်တိန်း  92  ဈေးက ကျပ် ၆၈၅  ရှိရာကနေ အခု ၈၆၀ ကျော်အထိမြင့်တက်နေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024