ပျော်စရာသင်္ကြန်မဟုတ်သည့် အာဏာရှင်ဆန့်ကျင်တော်လှန်သင်္ကြန်လှုပ်ရှားမှု အားလုံးပါဝင်နိုင်

စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့် ကျင်ဆန္ဒပြနေကြရာမှာ ခုတခါမှာတော့ ပျော်စရာသင်္ကြန်မဟုတ်တဲ့ နေ့စဉ်တော်လှန် သင်္ကြန်လှုပ်ရှားမှုတွေမှာ ပါဝင်ကြဖို့ နှိုး ဆော်ထားပါတယ်။

ဒီသပိတ်ကိုတော့ ဧပြီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ သင်္ကြန်အကြိုနေ့ကစတင်ကာ  မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် တ ပြိုင်တည်း ပြုလုပ်ကြမှာဖြစ်ကာ မြန်မာနိုင်ငံအနှံ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီး မှာ နေထိုင်ကြသူတွေ အားလုံးပါဝင်နိုင်မှာ ဖြစ်ပါတယ်။

သင်္ကြန်အကြိုနေ့ကိုတော့ “အတာအိုးသပိတ်”အဖြစ် လှုပ်ရှားမှုတွေ ပြုလုပ်မှာဖြစ် ပြီး အတာအိုးမှာ လက်သုံးချောင်း၊ ဒါမှမဟုတ် အာဏာရှင်ဆန့်ကျင်တဲ့ စာသားတွေရေး သားတာမျိုး၊ သင်္ကြန်ပန်းတွေကြားမှာ အာဏာရှင်ဆန့်ကျင်တဲ့ စာသားတွေရေးပြီး ညှပ် ထားတာမျိုးတွေလို လှုပ်ရှားမှုတွေ ပြုလုပ်နိုင်တဲ့အပြင် သင်္ကြန်မုန့်တွေဝေခဲ့ရင်လည်း ဝေ မယ့်မုန့်တွေနဲ့အတူ အာဏာရှင်ကြွေးကြော်သံတွေကပ်ကာ ပေးဝေပြီး ပါဝင်နိုင်မှာ ဖြစ်ပါ တယ်။

သင်္ကြန်အကျနေ့ကိုတော့ “သွေးမတိတ်တဲ့ ဆေးသပိတ်”အဖြစ် လှုပ်ရှားမှုတွေ ပြု လုပ်မှာဖြစ်ပြီး အနီရောင်ဆေးတွေခြယ်တာ၊ အနီရောင်စာတွေရေးတာ၊ ဆေးနီမှုန့်တွေ ကြဲတာ၊ ပက်ဖြန်းတာစတဲ့ အပျော်သင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန်လှုပ်ရှားမှုတွေနဲ့ ပါဝင်နိုင်မှာပါ။

သင်္ကြန်အကြတ်နေ့ကိုတော့ “အသံတွေနဲ့တော်လှန်မယ်”လှုပ်ရှားမှုအဖြစ် ဆင်နွှဲ နိုင်မှာဖြစ်ပြီး ကား၊ သုံးဘီး၊ ဆိုင်ကယ်စတဲ့ အသီးသီးသော ယာဉ်တွေပေါ်မှာ ဆောင်း ဘောက်စ်တွေတင်ဆောင်ကာ တော်လှန်ရေးသီချင်းတွေ ဖွင့်ပြီး ပါဝင်နိုင်မယ့်အပြင် မ နက် ၁၀.၁၅ နာရီတိတိမှာတော့ ကား၊ ဆိုင်ကယ်တွေ တပြိုင်နက်တည်း ဟွန်းတီးကြပြီး လက်သုံးချောင်းထောင်ကြရမှာ ဖြစ်ပါတယ်။

သင်္ကြန်အတက်နေ့ကိုတော့ “တိတ်ဆိတ်ဝမ်းနည်းခြင်းသပိတ်”အဖြစ် မြန်မာ ပြည်သူ ပြည်သားအားလုံး မိမိတို့ နေအိမ်တွေထဲမှာ နေထိုင်ကြပြီး တကယ်လို့ မလွှဲမ ရှောင်သာလို့ ထွက်ခဲ့ရရင်လည်း အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထွက်ကြပြီး ဒီသပိတ် မှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

နှစ်ဆန်းတစ်ရက်နေ့မှာတော့ “နှစ်သစ်ဆုတောင်းနဲ့အတူတော်လှန်မယ်” လှုပ် ရှားမှုအနေနဲ့ အားလုံးပါဝင်နိုင်မှာဖြစ်ကာ လူစုလူဝေးတွေ၊ ပြောက်ကျားသပိတ်တွေနဲ့အ တူ ညနေပိုင်းမှာတော့ ပရိတ်တရားတွေနာကြားကြရင်း လူစုကြတာမျိုး၊ ကျဆုံးသူရဲ ကောင်းတွေရဲ့ နေအိမ်တွေဆီ သွားရောက်အားပေးတာမျိုးတွေ၊ ထောက်ပံ့တာမျိုးတွေ၊ ဖယောင်းတိုင်မီးထွန်းဆုတောင်းတာမျိုးတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လကျော်လာခဲ့ပြီဖြစ်ကာ လတ်တလောအချိန်အထိ ကျဆုံးသူပေါင်း ၇၀၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up