Home
မြန်မာသတင်း
စစ်ကောင်စီ ရဲကင်းနှင့် တပ်စခန်းကို ကေအိုင်အေ သိမ်းပိုက်
DVB
·
April 12, 2021

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲမှာ ရဲကင်းစခန်းတစ်ခုနဲ့ တပ်စခန်းတစ်ခုကို  ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က  ဒီကနေ့ ဧပြီ ၁၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

ဗန်းမော်-မြစ်ကြီးနား ကားလမ်းမပေါ်  မြို့သစ်ရှိ တာပိန်မြစ်ကြိုးတံတားလုံခြုံရေး ရဲကင်းစခန်းနဲ့   မြို့သစ်အရှ့ဘက်တောင်ကုန်းပေါ်ရှိ ခမရ (၃၂၀) တပ်စခန်းတို့ကို ဒီနေ့မနက်ပိုင်းက ဆက်တိုက်သိမ်းပိုက်လိုက်တာလို့ ကေအိုင်အေ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီတိုက်ပွဲမှာ နှစ်ဘက်အကျအဆုံးစာရင်းကိုတော့ မသိသေးဘူးလို့ ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဘက်က ပြီးခဲ့တဲ့မတ် ၂၅ ရက်နေ့ကတည်းက သူတို့ ဆုံးရှုံးထားတဲ့ အရေးပါတဲ့တပ် အလောဘွမ်တပ်စခန်းအနီးတဝိုက်ကို မနက်ပိုင်းကတည်းက ညနေပိုင်းထိ လေယာဉ်နဲ့ဗုံးလာကြဲနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024