စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီကို ဧပြီ ၁၁ ရက် နေ့လယ်ပိုင်းက ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်တော်လှန်ရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြွေးကြော်သံနဲ့အတူ မြန်မာသံရုံရှေ့ကနေ ဖြတ်သန်းပြီး ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့တာပါ။
“ကျနော်တို့ ဒီကနေ့ နေ့လည်ပိုင်းမှာလူစုပြီး Gotanda Minami ပန်းခြံမှာစုရပ်ကာ အခမ်းအနားပြုလုပ်ပြီး မြန်မာသံရုံးရှေ့ဖြတ်သန်းပြီး ပန်းခြံမှာပဲ ဆန္ဒပြတာကို ရပ်နားခဲ့တယ်။ နေရာပေါင်းစုံကနေ လာရောက်လူစုပြီးပြခဲ့တာ” လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကိုမျိုးမင်းဆွေက ပြောပါတယ်။