ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဧပြီ ၁၀ ရက်ညက တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါတယ်။
နောင်ကုန့်ရွာအနီးမှာရှိတဲ့ မခွယ်ရွာအမြောက်တပ်နဲ့ KIAတို့ မနေ့ည ၈ နာရီကျော်ကတည်းက တိုက်ပွဲပြင်းထန်ဖြစ် နေတယ်လို့ဒေသခံတွေကပြောပါတယ်။
လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရပြီး မနေ့ည ၁၀ နာရီလောက်အထိဆူညံနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် နောင်ကုန့်ရွာနဲ့ အနီးနားရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရကြောင်းကြားသိရပါတယ်။
ရွာပေါင်း၂၀ ထက်မနည်းရှိတဲ့ ဒီဒေသဟာရှမ်းမျိုးနွယ်စုတွေအများစု နေထိုင်ကြတဲ့ အရပ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။