Home
မြန်မာသတင်း
မြစ်ကြီးနား သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး ကျောင်းသူ ၂ ဦးဖမ်းဆီးခံရ
DVB
·
April 9, 2021

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပင်မသပိတ်နဲ့ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး  ဧပြီလ ၉ ရက်မနက်က ဆန္ဒပြခဲ့ကြရာ မနက် ၁၁ နာရီကျော်လောက်မှာ ရဲနဲ့စစ်တပ်ရဲ့  ဖြိုခွင်းခံခဲ့ရပြီး မြေမြင့်ရပ်ကွက်မှာ  ကျောင်းသူ ၂ ယောက်  ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်စစ်ကြောင်း ဦးဆောင်သူထံ ကနေ သိရပါတယ်။

ဖမ်ဆီးခံရသူ နှစ်ယောက်ကတော့  ဥပဒေနောက်ဆုံးနှစ်ကျောင်းသူ မဒွဲနန်နဲ့ ဆယ်တန်းကျောင်းသူ မလိုင်လိုင်အောင်တို့ဖြစ်ကြပြီး  လက်ရှိ ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်ဆိုတာ မသိသေးဘူးလို့  သူ့ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့အနေနဲ့  ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ဒီနေ့အထိ နည်းလမ်းမျိုးစုံနဲ့ဆက်လက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024