ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ် လိုင်ဇာအနီးတဝိုက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဧပြီလ ၈ ရက်နေ့ညပိုင်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၀ ချက်ဝန်းကျင်ပစ်ခတ်ခဲ့ တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်တွေ တပ်မဟာ (၅)အောက် တပ်ရင်း (၁၉)နဲ့ (၂၄) နယ်မြေတွေကို ကျရောက်ခဲ့တာဖြစ်ပြီး အထိအခိုက်တော့ မရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အဲဒီနေရာတွေမှာ အရပ်သားပြည်သူတွေနေတာ မဟုတ်တဲ့အတွက် ခုပစ်ခတ်မှုကို ဘာမှ မပြောလိုပေမယ့်လူထုနေထိုင်တဲ့ကျေးရွာတွေကိုတော့ ရမ်းသမ်းမပစ်ခတ်ဖို့ အကြမ်းဖက်စစ်တပ်ကို ကေအိုင်အေက သတိပေးလိုက်ပါတယ်။