အာဏာသိမ်းစစ်ကောင်စီကို အကာအကွယ်ပေးသည့် တရုတ်နှင့်ရုရှား အလံများ မီးရှို့ဆန္ဒပြ
DVB
·
April 9, 2021
DVB
မန္တလေးမြို့မှာ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီကို အကာအကွယ်ပေးတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံရဲ့ အလံတွေကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နေ့စဉ်ချီတက်ဆန္ဒပြနေတဲ့ မန္တလေး အင်ဂျင်နီယာ စစ်ကြောင်းမှာပါတဲ့ လူငယ်တွေက တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကို ရှုတ်ချတဲ့အနေနဲ့ လုပ်ဆောင်ခဲ့ကြတာပါ။
ဆန္ဒပြရာမှာ ဆိုင်ကယ်တွေနဲ့ ချီတက်ခဲ့ကြပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။