ဧရာဝတီတိုင်းဒေသကြီးမှာ စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဧပြီ ၆ ရက်နေ့အထိ သေဆုံးသူ ၉ ဦးအထိရှိလာပြီလို့ သိရပါတယ်။
စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး နောက် ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ပြီး ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်လာကြောင်း သိရှိရပါတယ်။
စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် ပုသိမ်မြို့မှာ သေဆုံးသူ ၈ ဦးရှိပြီး ဖျာပုံမြို့မှာ ၁ ဦး သေဆုံးခဲ့ကြောင့် စုံးစမ်းသိရှိရပါတယ်။ သေဆုံးသူတွေမှာ ကလေးငယ်တွေ ပါဝင်ကြောင်းသိရှိရပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၂၇ ရက်နေ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅ ဦးနဲ့ အများဆုံး ကျဆုံးခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။
ပုသိမ်မြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေက လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေ စစ်ဆေးတာ ညဘက်မှာ လမ်းတွေထဲဝင်ရောက် ပစ်ခတ်မှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။