ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ရှိ အေရှဝေါလ် တိုးဂိတ်မှာ ဧပြီ ၅ ရက် ဒီနေ့ ည ၇ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ပျက်စီး ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လက်နက်ကြီးထိမှန်တာလား မိုင်းခွဲခံရတာလား ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ပေါက်ကွဲမှုကြောင့် တိုးဂိတ်ဝန်ထမ်းတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပိုင်ရှင်တဦးတည်းရဲ့ ကား ၂ စီး လည်း ထိခိုက်ပျက်စီးသွားပြီး ကားမောင်းသမားတွကတော့ ဒဏ်ရာ မစိုးရိမ်ရပေမယ့် တယောက်ကတော့ ပြင်ဦးလွင် ဆေးရုံကိုပို့ထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၁၂ ဘီးတစ်စီး မီးလောင်သွားသလို ပေါက်ကွဲမှုကြောင့် အစအန မှန်ပြီး လေကာမှန်ကွဲသွားတဲ့ ကားက ၁၅ စီး လောက်ရှိပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကို လတ်တလော မသိရသေးပါဘူး။
Photo- Credit