Live
Home
မြန်မာသတင်း
ပြည်မြို့အခြေစိုက် ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက်ကိုမင်းညို ကို ရုံးထုတ်
DVB
·
April 5, 2021

ပဲခူးတိုင်း ပြည်မြို့က ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက် ကိုမင်းညို ကို  ပြည်အကျဉ်းထောင်တွင်းရှိ  တရားရုံးမှာ ဧပြီ ၅ ရက် ဒီကနေ့  ရုံးထုတ်ပါတယ်။

ကိုမင်းညိုဟာ မတ်လ ၃ ရက်နေ့က ဆန္ဒပြပွဲမှာ သတင်းယူရင်း ရိုက်နှက်ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး  ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံရတာဖြစ်ပါတယ်။ ဒီကနေ့ ထောင်တွင်းတရားရုံးမှာ ရုံးထုတ်ကို ကိုမင်းညိုရဲ့ ရှေ့နေလည်း တက်ရောက်ခဲ့ပါတယ်။

ကိုမင်းညိုရဲ့ ဇနီးသည် ဒေါ်မိုးမိုးက “ ဒီနေ့ရုံးထုတ်တယ်။ လာမယ့် ၂၀ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်၊ သင်္ကြန်ကျော်ပေါ့။ အခုက သတင်းထောက်ဆိုတဲ့ ပုဒ်မနဲ့ မစွဲဘူး။ သူ့ကို ဖမ်းတုန်းက ၃ ရက်နေ့၊ အဲဒီတုန်းက သတင်းဌာနတွေကလည်း မပိတ်သေးဘူးလေ။ ၈ ရက်နေ့မှ ပိတ်တာ။ အဲတော့ သူက သတင်းသွားယူတဲ့အချိန်မှာ ဖမ်းခံရတာ၊ သတင်းထောက်ကတ်လည်း ပါသွားတယ်။ ဒကစကို ခေါ်သွားတုန်းကလည်း သတင်းထောက်ပါလို့ပြောတယ်၊ ကတ်ကိုလည်းပြတယ်၊ ဒါပေမဲ့ တကယ့်ရုံးထုတ်ပြီး စစ်တဲ့အခါကျတော့ စီဒီအမ် အားပေးလှုံ့ဆော်မှုဆိုတဲ့ အမှုနဲ့ စွဲလိုက်တယ်၊ အဲဒါနဲ့ ရုံးထုတ်တာပေါ့” လို့ ပြောပါတယ်။ 

လက်ရှိ ကိုမင်းညိုရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်စွာရှိနေတယ်လို့လည်း  ဆိုပါတယ်။

ဒီဗွီဘီသတင်းထောက် ကိုမင်းညိုကို  မတ်လ ၃ ရက်နေ့ မနက်ပိုင်းက ပြည်မြို့ ဆန္ဒပြပွဲမှာ သတင်းယူနေတုန်း စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့က ဒီဗွီဘီသတင်းထောက် ကိုအောင်ကျော် (ခ) ကိုကောင်းမြတ်လှိုင်လည်  ဖမ်းဆီးခံထားရပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းကတည်းက လက်ရှိအချိန်ထိသတင်းသမားစုစုပေါင်း အယောက် ၄၀ ဦးကျော်လောက်  ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024